latmhuclub007

Webinar announcement post

“၁၉ ရာစု ပါတိတ်သမိုင်းကြောင်းထဲက နိုင်ငံရပ်ခြားမှ လွှမ်းမိုးမှုများ၊ တုပမှုများနဲ့ တိုးတက်ပြောင်းလဲမှုများ” Webinar လက်မှု Club မှ ထပ်မံပြီး မြန်မာ့ယဉ်ကျေးမှု အနုပညာလက်ရာတွေအကြောင်းကို လူအများသတိထားမိပြီး ထိန်းသိမ်းနိုင်ဖို့အတွက် Webinar တွေကျင်းပနေတာဖြစ်ပါတယ်။ အခုတစ်ခေါက်မှာတော့ မြန်မာနိုင်ငံမှာလည်းလက်ရှိအချိန်အထိ ဝတ်ဆင်လျက်ရှိကြတဲ့ ပါတိတ်များအကြောင်းကို Free Webinar လေးကျင်းပပေးသွားမှာဖြစ်ပါတယ်။ ပြောပြသွားမယ့် အကြောင်းအရာကတော့ “၁၉ ရာစု ပါတိတ်သမိုင်းကြောင်းထဲက နိုင်ငံရပ်ခြားမှ လွှမ်းမိုးမှုများ၊ တုပမှုများနဲ့ တိုးတက်ပြောင်းလဲမှုများ” အကြောင်းပဲဖြစ်ပါတယ်။ ကျင်းပမယ့်ရက် – ၂၄ ရက် ဇွန်လ ၂၀၂၃ ခုနှစ် (စနေနေ့) ကျင်းပမယ့် အချိန် – ည ၇ နာရီမှ ၉ နာရီ အထိ ကျင်းပမယ့် နေရာ – …

Webinar announcement post Read More »

ငွေထည်အကြောင်း The Silverware ( Both Myanmar Version and English Version )

Eng version below “စစ်ကိုင်းမြို့ ရွာထောင်ငွေထည်လုပ်ငန်း” စစ်ကိုင်းမြို့ဟာ ရှေးမြန်မာမင်းတွေရဲ့ နန်းစိုက်ရာမြို့တော် တစ်ခုဖြစ်ခဲ့ပြီး ယနေ့ခေတ်မှာတော့ဘုန်းကြီးကျောင်းများနဲ့ သာသနိကအဆောက်အဦး အများအပြားတည်ရှိရာနေရာဖြစ်လို့ မြန်မာ ဗုဒ္ဓဘာသာ ဝင်တို့အတွက် အထွတ်အမြတ်ထားရတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကိုင်းမြို့ကထွက်တဲ့ မြေထည်လက်မှုထုတ်ကုန်တစ်ခုဖြစ်တဲ့ စစ်ကိုင်းအိုး (သောက်ရေအိုး)နဲ့ ငွေထည်လက်မှုထုတ်ကုန်တွေဟာ လူသိများထင်ရှားပါတယ်။ ငွေထည်လက်မှုလုပ်ငန်းကိုတော့ ရွာထောင်ရွာက အဓိက လုပ်ကိုင်ကြပြီး စစ်ကိုင်း-ရွှေဘိုသွားကားလမ်း ဘေးမှာတည်ရှိပါတယ်။ရွာထောင်ရွာမှာရှိတဲ့ ငွေထည်လုပ်ငန်းဟာ ဘိုဘွားအစဉ်အဆက် ဆက်ခံလုပ်ကိုင်ကြတဲ့ ရှေးဟောင်းမြန်မာ့လက်မှုပညာရပ် တစ်ခုဖြစ်ပြီး နှစ်ပေါင်း ၈၀၀ ခန့် သက်တမ်းရှိခဲ့ပြီလို့လည်းသိရပါတယ်။ ရွာထောင်ရွာနဲ့ပတ်သက်လို့ စာပေသမိုင်းအထောက်အထားများ မတွေ့ရသေးပေမဲ့ ရွာထောင်ရွာသူ၊ရွာသားများရဲ့နှုတ်ပြောသမိုင်းအရ ရွာထောင်ရွာဟာ ပုဂံခေတ်ကတည်းကတည်ရှိခဲ့ပြီး ၎င်းတို့ရဲ့ဘိုးဘွားတွေဟာ ရွှေပန်းထိမ်၊ငွေပန်းထိမ် ကျွမ်းကျင်တဲ့ပျူလူမျိူးတွေ ဖြစ်ကြတယ်လို့လည်းသိရှိရပါတယ်။ မြန်မာမှုပညာရှင် ဦးဝင်းမောင်ရဲ့အဆိုအရ ထောင် ဆို တဲ့နာမည်ဟာ မြန်မာလို …

ငွေထည်အကြောင်း The Silverware ( Both Myanmar Version and English Version ) Read More »

Interview Session with Ma Theint Theint Aung ( Lacquer)

ဒီတစ်ပတ် လက်မှု Club ရဲ့ အင်တာဗျူး အစီအစဥ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။🤗 လက်မှု Club မှ ယွန်းအတတ်ပညာနဲ့ Jewelry ပစ္စည်းလေးတွေကို ဆန်းသစ်သောပုံစံများဖြင့် 𝐋𝐚𝐤𝐬𝐡𝐚𝐫𝐚𝐬 ဆိုတဲ့ Lacquer Brand ကို ပြုလုပ်နေတဲ့လက်မှုပညာရှင် မသိမ့်သိမ့်အောင်ကို သူမဖန်တီးထားတဲ့လက်မှုပညာနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းခဲ့ပါတယ်။✨ လှပသေသပ်တဲ့ ဒီဇိုင်းလက်ရာတွေနဲ့ မြန်မာ့လက်မှု ယွန်းပညာပေါင်းစပ်ပြီး ဖန်တီးထားတဲ့အကြောင်းကို မေးမြန်းထားတဲ့ စိတ်ဝင်စားဖွယ်အင်တာဗျူးလေး ဖြစ်တာမို့ ပုံအောက်ကစာလေးတွေကို တစ်ပုံချင်း ဖတ်ရှုလိုက်ရ‌အောင်။ အောက်က Link လေးကတော့ မသိမ့်သိမ့်​အောင်ရဲ့𝐋𝐚𝐤𝐬𝐡𝐚𝐫𝐚𝐬 – 𝐀𝐫𝐭𝐬 & 𝐋𝐚𝐜𝐪𝐮𝐞𝐫 𝐅𝐫𝐨𝐦 𝐁𝐚𝐠𝐚𝐧 ( Facebook Pg )လေးဘဲ ဖြစ်ပါတယ်။ ✨ လက်မှု Club: ပထမဆုံးအနေနဲ့ အစ်မအကြောင်း မိတ်ဆက်လေးပြောပေးပါဦး။ …

Interview Session with Ma Theint Theint Aung ( Lacquer) Read More »

” ရှမ်းရိုးရာ မိုင်းကိုင်စက္ကူ ”

မိုင်းကိုင်စက္ကူ လို့ခေါ်တဲ့ ရှမ်းစက္ကူ (Saa Paper) ဟာ စက္ကူကြမ်း အမျိုးအစား ဖြစ်ပြီးတော့ ရှမ်းပြည်နယ်အနှံ့အပြားမှာ အိမ်တွင်းလက်မှုလုပ်ငန်းအဖြစ် အမျိုးသမီးတွေ ဘိုးဘွားအစဉ်အဆက် ဆက်ခံ လုပ်ကိုင်ကြတဲ့ ရှမ်းရိုးရာလက်မှု လုပ်ငန်း လည်းဖြစ်ပါတယ်။ အထူးသဖြင့် မိုင်းကိုင်နယ် ကွန်နားရွာ၊ ကွန်ကျိုင်းရွာ၊ တောင်ပိုင်းဝနယ်ရဲ့ မြို့တော်ဖြစ်တဲ့ မိုင်းကာအိုမြို့ ၊ သီပေါမြို့နယ် နဲ့ ပင်းဒယနယ်များမှာ ပိုမိုလုပ်ကိုင်ကြတယ်လို့သိရပါတယ်။ ရှမ်းစက္ကူတွေကို ရှမ်းပြည်တဝိုက်မှာတော့ စာရေးဖို့၊ မီးပုံပျံပြုလုပ်ဖို့ နဲ့ ခမောက်လွယ်အိတ် စတဲ့စ္စည်းတွေထုတ်ပိုးဖို့အတွက် အသုံးပြုကြပြီးတော့ ပင်းဒယက စက္ကူလုပ်ငန်းတွေမှာတော့ ဒေသထွက်ပန်းခြောက်နဲ့သစ်ရွက် ခြောက်လေးများကို ထည့်သွင်းပြုလုပ်ကြပါတယ်။ အထူးသဖြင့် အလှဆင် မီးပုံးတွေ ၊ မီးအိမ်တွေပြုလုပ်ဖို့နဲ့ ရိုးရာထီးလုပ်ငန်းမှာ ထီးရွက် အဖြစ်အသုံးပြု အလှဆင်ကြလေ့ရှိပါတယ်။ တချို့ရှမ်းရွာတွေမှာ အိပ်ရာခင်းအဖြစ် သုံးလို့ရအောင် …

” ရှမ်းရိုးရာ မိုင်းကိုင်စက္ကူ ” Read More »

UK and US Crochet Terms (Difference)

လက်မှုချစ်သူတို့ နေ့စဥ်ခေါ်ဝေါ်နေကြတဲ့ Crochetအခေါ်အဝေါ်တွေပေါ်မှာ ကွဲပြားမှုတွေရှိနေတယ်ဆိုတာ သိကြပါသလား?Crochet Pattern Booksတွေမှာဖြစ်ဖြစ်၊ Youtube Videos တွေမှာပဲဖြစ်ဖြစ်ပါဝင်တဲ့ crochet terms အခေါ်အဝေါ်တွေမှာ UK နဲ့ US မတူညီတာကိုလက်မှုချစ်သူတို့ တွေ့မြင်ဖူးကြပါလိမ့်မယ်။ ဘယ်လိုကွာခြားနေတာလဲဆိုတာကိုတော့ အဓိကအားဖြင့် Stitchesတွေမှာတွေ့ရမှာ ဖြစ်ပါတယ်။ American Crochet Termsမှာခေါ်ဝေါ်တဲ့ Single Crochet(Sc)နဲ့ British Crochetမှာခေါ်ဝေါ်တဲဲ Double Crochet(Dc)တို့က တူညီပါတယ်။ ဒီ့အတွက်ကြောင့်မို Patternမှာပါဝင်တဲ့ British နဲ့ American Crochetမှာ အသုံးပြုနေကြတဲ့ termsမတူညီမှုကို သတိမပြုမိတာနဲ့ ကိုယ်ထိုးနေတဲ့ crochet stitchesတွေကမှားယွင်းနိုင်ပါတယ်။မြန်မာနိုင်ငံမှာအများစုက ဘယ်termsကိုအသုံးပြုပြီး ထိုးနေကြတာလဲ။ Crochetသင်တန်းတွေမှာ ဘယ်termsနဲ့ သင်ပေးနေကြတာလဲဆိုရင်တော့ American Crochet Termsကို ပုံမှန်အဖြစ်အသုံးပြု သင်ကြားပေးနေတာတွေ့ရပါတယ်။ လက်မှုClubမှာလည်း …

UK and US Crochet Terms (Difference) Read More »

Interview Session With Ko Nyi Nyi (Origami Artist)

လက်မှု Club ရဲ့ အင်တာဗျူးအစီအစဥ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ခေါက်မှာတော့ လက်မှု Club က Origami နဲ့ Pixel Art လက်မှုပညာနှစ်မျိုးကို ပေါင်းစပ်ပြီး လက်ရာမြောက်တဲ့ ပုံတူရုပ်ပုံများစွာကို ဖန်တီးနေတဲ့ လက်မှူပညာရှင် ကိုညီညီသောင်းကို သူဖန်တီးတဲ့ လက်မှုပညာနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ Origami လက်မှုပညာနဲ့ ပြုလုပ်ထားတဲ့ ဘောပင်ခွက်လေးတစ်ခွက်ကို မြင်ပြီး နှစ်သက်သဘောကျရာကနေ ဒီလက်မှုပညာကို အခုလိုကျွမ်းကျင်ပြီး လှပတဲ့လက်ရာများစွာ ဖန်တီးနိုင်တဲ့အထိ အလုပ်တစ်ဖက်နဲ့ Self-study လုပ်ခဲ့တဲ့ ကိုညီညီရဲ့ အကြောင်းကတော့ လက်မှုချစ်သူတိုအတွက် Inspiration တစ်ခု ဖြစ်စေမှာအမှန်ပါပဲ။ ဒါကြောင့်မိုလို အင်တာဗျူးလေးကို ဆုံးအောင်ဖတ်ရှုကြဖို တိုက်တွန်းလိုက်ပါရစေရှင်။ လက်မှု Club : ပထမဆုံး အကိုအကြောင်း မိတ်ဆက်လေး ပြောပေးပါဦးရှင်။ကိုညီညီ : ကျွန်တော့်နာမည်က …

Interview Session With Ko Nyi Nyi (Origami Artist) Read More »

Open Call For Crocheter”တစ်ချောင်းထိုး လက်မှုပညာရှင်များကို ဖိတ်ခေါ်ခြင်း”

Bay Dar & Co မှ နာမည်ကြီး နိုင်ငံတကာ အမှတ်တံဆိပ် အလှကုန် company ကြီးတစ်ခုနှင့် လက်တွဲပြီး လက်မှုနှင့်ဆိုင်သော Project တစ်ခုအား အကောင်အထည်ဖော်ရန် စီစဉ်နေပါသည်။ ထိုကြောင့် project တွင်ပူးပေါင်းပါ၀င်ရန်အတွက် စိတ်ပါဝင်စားသူ တစ်ချောင်းထိုး လက်မှုပညာရှင်များအား ဖိတ်ခေါ်လိုပါသည်။ လက်မှု project မှာ အချိန် “၄လ” ကြာမြင့်မည်ဖြစ်ပါသည်။ မသန်စွမ်း အဖွဲအစည်းများ၊ မိဘမဲ့ဂေဟာများ၊ လက်မှုပညာဖြင့်အသက်မွေး၀မ်းကျောင်း ပြုသူများ အစရှိသည့် အဖွဲအစည်းများအားလုံး ပါ၀င်ရန်လည်း ဖိတ်ခေါ်လိုက်ပါသည်။စိတ်ပါ၀င်စားသူများ အသေးစိတ်သိရှိရန်အတွက် အောက်ပါ ဖုန်းနံပါတ်များသို ဆက်သွယ် စုံစမ်းနိုင်ပါသည်။ ဆက်သွယ် စုံစမ်းရန်09790248877097656857040943014904 Source : Bay Dar & Co Bay Dar & …

Open Call For Crocheter”တစ်ချောင်းထိုး လက်မှုပညာရှင်များကို ဖိတ်ခေါ်ခြင်း” Read More »