Uncategorized

ငွေထည်အကြောင်း The Silverware ( Both Myanmar Version and English Version )

Eng version below “စစ်ကိုင်းမြို့ ရွာထောင်ငွေထည်လုပ်ငန်း” စစ်ကိုင်းမြို့ဟာ ရှေးမြန်မာမင်းတွေရဲ့ နန်းစိုက်ရာမြို့တော် တစ်ခုဖြစ်ခဲ့ပြီး ယနေ့ခေတ်မှာတော့ဘုန်းကြီးကျောင်းများနဲ့ သာသနိကအဆောက်အဦး အများအပြားတည်ရှိရာနေရာဖြစ်လို့ မြန်မာ ဗုဒ္ဓဘာသာ ဝင်တို့အတွက် အထွတ်အမြတ်ထားရတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကိုင်းမြို့ကထွက်တဲ့ မြေထည်လက်မှုထုတ်ကုန်တစ်ခုဖြစ်တဲ့ စစ်ကိုင်းအိုး (သောက်ရေအိုး)နဲ့ ငွေထည်လက်မှုထုတ်ကုန်တွေဟာ လူသိများထင်ရှားပါတယ်။ ငွေထည်လက်မှုလုပ်ငန်းကိုတော့ ရွာထောင်ရွာက အဓိက လုပ်ကိုင်ကြပြီး စစ်ကိုင်း-ရွှေဘိုသွားကားလမ်း ဘေးမှာတည်ရှိပါတယ်။ရွာထောင်ရွာမှာရှိတဲ့ ငွေထည်လုပ်ငန်းဟာ ဘိုဘွားအစဉ်အဆက် ဆက်ခံလုပ်ကိုင်ကြတဲ့ ရှေးဟောင်းမြန်မာ့လက်မှုပညာရပ် တစ်ခုဖြစ်ပြီး နှစ်ပေါင်း ၈၀၀ ခန့် သက်တမ်းရှိခဲ့ပြီလို့လည်းသိရပါတယ်။ ရွာထောင်ရွာနဲ့ပတ်သက်လို့ စာပေသမိုင်းအထောက်အထားများ မတွေ့ရသေးပေမဲ့ ရွာထောင်ရွာသူ၊ရွာသားများရဲ့နှုတ်ပြောသမိုင်းအရ ရွာထောင်ရွာဟာ ပုဂံခေတ်ကတည်းကတည်ရှိခဲ့ပြီး ၎င်းတို့ရဲ့ဘိုးဘွားတွေဟာ ရွှေပန်းထိမ်၊ငွေပန်းထိမ် ကျွမ်းကျင်တဲ့ပျူလူမျိူးတွေ ဖြစ်ကြတယ်လို့လည်းသိရှိရပါတယ်။ မြန်မာမှုပညာရှင် ဦးဝင်းမောင်ရဲ့အဆိုအရ ထောင် ဆို တဲ့နာမည်ဟာ မြန်မာလို …

ငွေထည်အကြောင်း The Silverware ( Both Myanmar Version and English Version ) Read More »