Interview Session With Ko Nyi Nyi (Origami Artist)

လက်မှု Club ရဲ့ အင်တာဗျူးအစီအစဥ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။

ဒီတစ်ခေါက်မှာတော့ လက်မှု Club က Origami နဲ့ Pixel Art လက်မှုပညာနှစ်မျိုးကို ပေါင်းစပ်ပြီး လက်ရာမြောက်တဲ့ ပုံတူရုပ်ပုံများစွာကို ဖန်တီးနေတဲ့ လက်မှူပညာရှင် ကိုညီညီသောင်းကို သူဖန်တီးတဲ့ လက်မှုပညာနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

Origami လက်မှုပညာနဲ့ ပြုလုပ်ထားတဲ့ ဘောပင်ခွက်လေးတစ်ခွက်ကို မြင်ပြီး နှစ်သက်သဘောကျရာကနေ ဒီလက်မှုပညာကို အခုလိုကျွမ်းကျင်ပြီး လှပတဲ့လက်ရာများစွာ ဖန်တီးနိုင်တဲ့အထိ အလုပ်တစ်ဖက်နဲ့ Self-study လုပ်ခဲ့တဲ့ ကိုညီညီရဲ့ အကြောင်းကတော့ လက်မှုချစ်သူတိုအတွက် Inspiration တစ်ခု ဖြစ်စေမှာအမှန်ပါပဲ။ ဒါကြောင့်မိုလို အင်တာဗျူးလေးကို ဆုံးအောင်ဖတ်ရှုကြဖို တိုက်တွန်းလိုက်ပါရစေရှင်။

လက်မှု Club : ပထမဆုံး အကိုအကြောင်း မိတ်ဆက်လေး ပြောပေးပါဦးရှင်။
ကိုညီညီ : ကျွန်တော့်နာမည်က ဦးညီညီသောင်းပါ။ အသက်က၅၅နှစ်ရှိပါပြီ။ အလုပ်ကတော့ စက္ကူလုပ်ငန်းလုပ်တဲ့ ကုမ္ပဏီတစ်ခုမှာ မော်တော်ယာဥ်မန်နေဂျာလုပ်ပါတယ်။ နေတာကတော့ ကြည့်မြင်တိုင်မှာပါ။

လက်မှု Club : အကိုရဲ့ လက်မှုပညာအမျိုးအစားကို ဘယ်လိုမျိုးခေါ်ပါသလဲရှင်။
ကိုညီညီ : ကျွန်တော်လုပ်နေတာက လေ့လာမိသလောက် အိုရီဂါမီ(origami) လိုပဲ ခေါ်ရမယ်ထင်ပါတယ်။ စက္ကူကိုခေါက်ပြီးလုပ်တာတွေအားလုံးကို ဒီလိုပဲခေါ်ကြတယ်။ မြန်မာလိုဆိုရင်တော့ စက္ကူခေါက်ခြင်းအနုပညာလို ခေါ်ရမလားပဲ။

လက်မှု Club : အကိုအနေနဲ့ ဒီလက်ရာလေးတွေကို ဘယ်အချိန်လောက်ကစပြီး လုပ်ဖြစ်ခဲ့တာလဲရှင့်။
ကိုညီညီ : 2015 လောက်က မိတ်ဆွေတစ်ယောက်ရဲ့ ရုံးစားပွဲမှာ ဘောပင်ခွက်လေးကို တွေ့လိုကြိုက်ပြီး လုပ်ပုံလုပ်နည်းကိုလေ့လာစူးစမ်းရာကနေစခဲ့တာပါ။

လက်မှု Club : ဘာကြောင့်ဒီလက်မှုပညာကိုမှ ရွေးချယ်လုပ်ဖြစ်ခဲ့တာပါလဲရှင်။
ကိုညီညီ : ဒီလက်မှုပညာက ကျွန်တော့်ရဲ့ စိတ်ကိုတည်ငြိမ်မှုပေးနိုင်တာရယ်၊ စိတ်ရှည်လက်ရှည် စိတ်ကူးပုံဖေါ်ရတာကို နှစ်သက်လိုရယ်၊ နောက်ပြီး မြန်မာပြည်မှာလူသိနည်းနေတာကြောင့်လည်း ကျွန်တော်လုပ်ဖြစ်တာပါ။

လက်မှု Club : အကိုအနေနဲ့ ဒီလက်မှုပညာရပ်ကိုလေ့လာခဲ့ရာမှာ ဘယ်လိုတွေ လေ့လာခဲ့ရပါသလဲ အချိန်ဘယ်လောက်ပေးခဲ့ရပါသလဲ။
ကိုညီညီ : ကျွန်တော့်မိတ်ဆွေရဲ့ ဘောပင်ခွက်ကို ခွင့်တောင်းပြီးဖျက်ကြည့်တယ်။ သူလုပ်ထားတဲ့အတိုင်း လိုက်လုပ်တယ်။ မှားလိုက်ပြန်ဖြုတ်လိုက်နဲ့ နှစ်လလောက်ကြာတော့ ဆက်လုပ်ဖြစ်သွားတာ ဒီနေ့ထိပါပဲ။

လက်မှု Club : အကိုတင်ထားတာတွေမှာ ပန်းချီကားတွေပြုလုပ်ထားတာအများစု တွေ့ရပါတယ်။ ပန်းချီကားအပြင် ဒီလက်မှုပညာရပ်ကို အသုံးပြုပြီး တခြားသော ဘယ်လိုလက်ရာမျိုးတွေ ပြုလုပ်နိုင်မလဲရှင်။
ကိုညီညီ : ကျွန်တော်လုပ်ထားတာ ပန်းချီကားမဟုတ်ပါဘူး။ ဓါတ်ပုံ ပုံတူပါ။ ဒါကတော့ Origami နဲ့ Pixel Art နည်းပညာနှစ်ခုပေါင်းစပ်ဖန်တီးထားတာပါ။ တခြား ပန်းအိုး၊ ဆွမ်းအုပ်၊ ဒေါင်း နဲ့ အခြားအရုပ်တွေလဲလုပ်နိုင်ပါတယ်။ နောက်ထပ်ဆက်ပြီးလုပ်နိုင်အောင်လဲ လေ့လာနေဆဲပါ။

လက်မှု Club : အကိုပြုလုပ်နေတဲ့ လက်မှုပညာရပ်က Paper Quilling နဲ့ရော ဆက်စပ်မှုရှိပါ သလား။ ဘာတွေကွာခြားမှုရှိပါသလဲ။ ကုန်ကြမ်းတွေ ရှာဖွေရတာမျိုးမှာရော အခက်အခဲရှိလားရှင့်။
ကိုညီညီ : ကျွန်တော်သုံးထားတာကလည်း စက္ကူပါပဲ။ တစ်ခါတစ်လေ ကာလာA4ရောင်စုံသုံးသလို တစ်ခါတစ်လေ ကာလာဖိတ်စာကဒ်သုံးပါတယ်။ ကုန်ကြမ်းကတော့ အလွယ်တကူ ဝယ်လို ရပါတယ်။

လက်မှု Club : အခုလက်ရှိ အကိုပြုလုပ်နေတဲ့လက်မှုပညာရပ်နဲ့ပတ်သက်ပြီး ပန်းချီတစ်ကားဖြစ်ဖို အချိန်ဘယ်လောက်ယူရပါသလဲ။
ကိုညီညီ : ကျွန်တော်လုပ်နေတဲ့ ပုံတူတစ်ချပ်ရဖို တစ်လလောက်အချိန်ကုန်ပါတယ်

လက်မှု Club : ဒီလက်မှုပညာရပ်ကိုရော ဘယ်လိုလေ့လာသင်ယူနိုင်မလဲရှင်။
ကိုညီညီ : ဒီလက်မှုပညာကို YouTube မှာ 3D Origami လိုရှာပြီး ကိုယ်တိုင် လေ့လာ သင်ယူနိုင်ပါတယ်

လက်မှု Club : မြန်မာပြည်မှာရော Origamiနဲ့ ပတ်သက်ပြီး ဝင်ငွေရှာလိုရတဲ့ အခွင့်အလမ်းတွေ ရှိနိုင်ပါသလားရှင်။
ကိုညီညီ : အရင်က ကျွန်တော့မိတ်ဆွေရဲ့ မြန်မာလက်မှုပစ္စည်းအရောင်းဆိုင်မှာ တင်ရောင်းဖူးပါတယ်။ ရောင်းလဲရောင်းရပါတယ်။ နိုင်ငံခြားသားအကြိုက်များပါတယ်။ အခုက နိုင်ငံရေးအခြေအနေကြောင့် ဆိုင်ပိတ်ထားရတော့ ရင်းနှီးသူတွေကိုပဲ ပုံတူလေးတွေ ထိုက်သင့်သလောက်စျေးနဲ့ လုပ်ပေးပါတယ်။ အခွင့်အလမ်းကတော့ နိုင်ငံခြားသားတွေ ပြန်လာနိုင်တဲ့အခါကောင်းနိုင်ပါတယ်။

လက်မှု Club : ဒီပညာရပ်ကိုလေ့လာချင်တဲ့ လူငယ်တွေအနေနဲ့ရော ဘယ်လိုတွေ လေ့လာလို ရပါသလဲ။ အကြံပေးစကားလေးပြောပြပေးပါအုံးရှင်။
ကိုညီညီ : YouTube မှာ လေ့လာသင်ယူနိုင်ပါတယ်။ အာရုံစူးစိုက်သင်ယူချင်စိတ်ရှိသူရှိရင် ကျွန်တော် ကိုယ်တိုင်လဲသင်ပေးနိုင်ပါတယ်။

လက်မှု Club : Origamiနဲ့ ပတ်သက်လို ဆက်သွယ်ချင်တာမျိုးရှိရင် ဘယ်ကို ဆက်သွယ်လိုရမလဲရှင်။
ကိုညီညီ : ကျနော်ကိုဆက်သွယ်ချင်ရင် 095163215 ဆိုရင် ရပါတယ်။ အခုလိုမေးမြန်းပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။

အခုလိုညီမတို လက်မှုClubကိုအချိန်ပေးပြီး Origamiအကြောင်းကို မျှဝေပေးခဲ့တဲ့ ကိုညီညီသောင်းကိုလည်း လက်မှုClubဘက်မှ အထူးကျေးဇူးတင်ရှိပါတယ်ရှင်။

Interviewer – Ko Richard

Editor – Ko Carlos

Graphic – Ma Scarlett

Publish Date – 9th Feb 2022

Leave a Comment

Your email address will not be published. Required fields are marked *