Myanmar Lotus Fabric Business “မြန်မာ့ ကြာချည်လုပ်ငန်း”

Myanmar Version

ကြာ သည် စာပေ ပန်းချီ၊ ပန်းပု စတဲ့ အနုပညာလက်ရာများ ဖန်တီးထုတ်လုပ်ရာမှာ အဓိပ္ပာယ် အသစ်အသစ် တွေကို ညွှန်းဆိုနေတဲ့ သင်္ကေတ တစ်ခုအဖြစ်နဲ့ မြန်မာတိုရဲ့ နှလုံးသားမှာ အစဉ်ကိန်းအောင်းလျက်ရှိနေတဲ့ မွန်မြတ်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ရှေးမြန်မာ ဘုရင်များလက်ထက်မှာတော့ ကြာဟာ အောင်မြင်ခြင်း၊ အေးမြခြင်း၊ လန်းဆန်းခြင်း၊ မြင့်မြတ်ခြင်း၊ မင်္ဂလာရှိခြင်း စတဲ့ ကောင်းခြင်းအဓိပ္ပာယ်တွေဆောင်တာကြောင့် ကြာပွင့်၊ ကြာဖူး၊ ကြာနွယ်၊ ကြာဖတ် တွေကို နံရံပန်းချီတွေ ရုပ်လုံးရုပ်ကြွတွေမှာ ကျယ်ပြန့်စွာ အသုံး ပြုခဲ့ကြပါတယ်။ အထူးသဖြင့် မြန်မာ့ ဗုဒ္ဓဘာသာ အနုပညာနဲ့ ဗိသုကာဆိုင်ရာ အဆောက်အဦတွေမှာ အများဆုံးတွေ့ရှိနိုင်ပါတယ်။

ယနေ့ခေတ်မှာတော့ ကြာဟာ မြန်မာတိုရဲ့ အနုပညာနဲ့ ဘာသာရေးဆိုင်ရာသင်္ကေတအဖြစ်နဲ့သာမကပဲ ကြာပင်တွေကနေ တဆင့် ကြာမျှင်တွေ ထုတ်ယူပြီး အဝတ်အထည်များ ရက်လုပ် လာကြတာကိုလည်း တွေ့ရှိ လာရပါတယ်။ ကြာမျှင်နဲ့ ရက်လုပ်တဲ့ ရက်ကန်းပညာရပ်ဟာ အင်းသားတိုရဲ့ ဒြပ်မဲ့ယဉ်ကျေးမှု (𝗜𝗻𝘁𝗮𝗻𝗴𝗶𝗯𝗹𝗲 𝗖𝘂𝗹𝘁𝘂𝗿𝗮𝗹 𝗛𝗲𝗿𝗶𝘁𝗮𝗴𝗲) တစ်ခုလည်းဖြစ်ပါတယ်။

ကြာချည် ရက်ကန်းလုပ်ငန်းကို လွန်ခဲ့တဲ့နှစ်ပေါင်း ၉၀ ကျော်ခန့်က ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေး ကျိုင်းခမ်းကျေးရွာအုပ်စု၊ အင်းယာရွာမှာနေထိုင်တဲ့ အသက် (၅၀) အရွယ် ဒေါ်စာဥ (ခေါ် ) ဒေါ်ကြာဥ ဆိုတဲ့ အမျိုးသမီးက စတင်လုပ်ကိုင်ခဲ့ပြီး ဒေါ်စာဥ စတင်ရက်လုပ်စဉ် ကတော့ ကြာချည်တွေကို သင်္ကန်းများ ရက်လုပ်ဖိုအတွက်သာ အသုံးပြုခဲ့တယ်လိုလည်း သိရပါတယ်။ အင်းလေး ကြာချည် ရက်ကန်းလုပ်ငန်းဟာ ဒေါ်ကြာဥ ဆုံးပါးသွားတဲ့ အချိန်မှာ ကွယ်ပျောက်လုနီးပါးဖြစ်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ‌ဒေါ်ကြာဥ ရဲ့ဆွေမျိုးနီးစပ်များက ဆက်လက်လုပ်ကိုင် လာကြပြီး ယနေ့အချိန်မှာတော့ ကြာသင်္ကန်း များသာမက လူ့အသုံးအဆောင် အဝတ်အထည်များကိုပါ အင်းလေးဒေသတဝိုက်မှာ ရက်လုပ်နေကြပြီး အင်းသားတိုရဲ့စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာပါတယ်။

ကြာချည်အသုံးအဆောင်တွေ ရက်လုပ်ဖိုအတွက် ကုန်ကြမ်းကြာချည်မျှင်များကိုတော့ ပဒုမ္မာကြာ (𝗡𝗲𝗹𝘂𝗺𝗯𝗼 𝗡𝘂𝗰𝗶𝗳𝗲𝗿𝗮) ကနေထုတ်ယူရပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ပဒုမ္မာကြာမျိုးများအနက်ကမှ ပန်းရောင်အပွင့်ရှိတဲ့ ကြာမျိုးတစ်မျိုးဆီကသာ ခိုင်ခံ့ပြီး ရက်လုပ်ဖိုသင့်လျော်တဲ့ ကြာချည်မျှင်တွေ ထုတ်ယူရရှိနိုင်တယ် လိုလည်းသိရပါတယ်။ မြန်မာနိုင်ငံမှာတော့ ပဒုမ္မာကြာမျှင်တွေကို အင်းလေးကန်နဲ့ စလင်း ၊ ဝက်သည်းကန် တိုကနေ အဓိကရရှိပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာရှိတဲ့ ပဒုမ္မာကြာပေါက်ရောက်ရာ အခြား ဒေသတွေကတော့ ရှမ်းပြည်အရှေ့ပိုင်းက လွိင်လင်-မိုးနဲအင်း၊ ကယားပြည်နယ် က ဖောင်တော်အင်းနဲ့ စကားအင်း၊ မန္တလေး စဉ့်ကိုင်နယ်ထဲက စွန်ရဲအင်း နဲ့ စစ်ကိုင်းတိုင်း တန့်ဆည်မြိုနယ်ထဲက ကန်ကြီးထောင့်အင်း တိုဖြစ်ကြပါတယ်။

ကြာချည်ပြုလုပ်ရာမှာ ပထမဆုံးအဆင့်ကတော့ ကြာရိုး(၂) ချောင်း (၃) ချောင်းခန့်ကို သစ်သားခုံပေါ် မှာတင်ပြီးတော့ လေးလက်မခန့်ဖြတ်ပြီး အမျှင်များကို သပ်ရပ်စွာ ထုတ်ယူရပါတယ်။ ရရှိလာတဲ့ အမျှင်များ ကိုတော့ လက်နဲ့ လှိမ့်ပြီး အသုံးပြုဖို သင့်လျှော်တဲ့ ချည်မျှင်များရရှိလာအောင် လုပ်ရပါတယ်။ လိုအပ်တဲ့ အရှည်ရပြီဆိုရင်တော့ ဗိုင်းပေါ် တင်ပြီး ချည်ခင်ရပါတယ်။ ရရှိလာတဲ့ ချည်ခင်တွေကိုတော့ ရေနဲ့သန့်စင်ပြီးတော့ သဘာဝ အရောင် အတိုင်းရှိနေစေဖို နေလှမ်းပြီးအခြောက်ခံရပါတယ်။

ကြိုက်နှစ်သက်တဲ့ အရောင်များ သုံးမယ်ဆိုရင်တော့ သစ်သီး၊ သစ်ခေါက်တွေကနေရရှိတဲ့ သဘာဝဆိုးဆေးနဲ့ ဆေးဆိုးလို ရတယ်လို လည်းသိရပါတယ်။ နောက်ဆုံးအနေနဲ့ ရက်လုပ်ဖို အသင့်ဖြစ်တဲ့ ကြာချည်တွေကိုတော့ ရက်ကန်းစင်မှာ တင်၍ရက်လုပ်ပြီးနောက်မှာတော့ ကြာချည်ထည်များရရှိပါတယ်။ ပဒုမ္မာ ကြာသင်္ကန်း တစ်ထည်ရက် လုပ်မယ်ဆိုရင်တော့ ကြာရိုးပေါင်း နှစ်သိန်းခန့် လိုအပ်မှာဖြစ်ပါတယ်။ ကြာချည်ထည်များ ရက်လုပ်ဖိုကိုတော့ သီးသန့်ရက်ကန်းစင်ကို ပြုလုပ်ထားရပြီးတော့ ရိုးရိုးရက်ကန်းစင်တွေထက် အရွယ်အစား ပိုမိုသေးငယ် တယ်လိုလည်းသိရှိရပါတယ်။

ကြာချည်ရက်လုပ်သူများကတော့ ကြာချည်ထည်များ ဝတ်ဆင်ထားခြင်းကြောင့် ခေါင်းကိုက်ဝေဒနာ သက်သာစေနိုင်ခြင်း စတဲ့ ရောဂါဘယတွေကို ပျောက်ကင်းစေပြီးတော့ လာဘ်ရွှင်စေတယ်လို ယုံကြည်ကြ ပါတယ်။ ဒါ့အပြင် ကြာချည်ထည်များဟာ လူတွေရဲ့ ခန္ဓာကိုယ်နဲ့ လိုက်လျောညီထွေမှုရှိတာကြောင့် ရာသီဉတု အလိုက် အေးမြခြင်းနဲ့ နွေးထွေးခြင်းတိုကို ခံစားရစေတယ်လိုလည်းသိရပါတယ်။ ကြာချည်ထည် ရက်လုပ်တဲ့ လုပ်ငန်းစဉ်ဟာ အထူးလက်ဝင်လှတာကြောင့် ကြာချည်ထည်‌တွေဟာလည်း ဈေးနှုန်း တန်ဖိုးကြီးမားပါတယ်။ သိုပေမဲ့ ကြာချည်ထည်တွေဟာ ဝတ်ဆင်ရတာ နူးညံ့ပေါ့ပါး တာကြောင့် ပြည်တွင်း၊ ပြည်ပမှာ နာမည်ကျော်တဲ့ ရှားပါးချည်ထည်တမျိုးဖြစ်ပါတယ်။

ကြာချည်လုပ်ငန်း ဟာ သဘာဝကရတဲ့ ကုန်ကြမ်းကိုအဓိက အသုံးပြုပြီး သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိတဲ့ ထုတ်ကုန်လုပ်ငန်း တစ်ခုဖြစ်တာကြောင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းနဲ့ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းတဲ့ လုပ်ငန်းတွေကိုလည်း မြှင့်တင်ထောက်ကူ ပေးလျက်ရှိ နေပါတယ်။

အဆုံးထိဖတ်ရှုပေးတဲ့ စာဖတ်ပရိတ်သတ်များ ကျေးဇူးပါ။ နောက်ရက်တွေမှာလည်း အကြောင်းရာသစ်တွေကိုတင်ဆက်ပေးမှာမို စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်။

သာယာတဲ့ညချမ်းလေးဖြစ်ပါစေ။✨

Article Writer – Ko Richard

Editor – Ko Carlos

Graphic – Ma Scarlette

Publish Date : 23rd February, 2022

1 thought on “Myanmar Lotus Fabric Business “မြန်မာ့ ကြာချည်လုပ်ငန်း””

Leave a Comment

Your email address will not be published. Required fields are marked *