
ယူကေ-မြန်မာ အနုပညာဖလှယ်ရေး ခေတ်ပြိုင်အနုပညာအလုပ်ရုံဆွေးနွေးပွဲနှင့် အနုပညာဖန်တီးမှုအစီစဉ်တွင် ပါ၀င်ရန် လူငယ်အနုပညာၡင်များကို ဖိတ်ခေါ်လိုက်ပါသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် Art Lectures များနှင့် ကိုယ်တိုင်ဖန်တီးခွင့်အစီစဥ်များ ပါ၀င်မည်ဖြစ်ပြီး လျှောက်ထားလိုသူများသည် ဖေါ်ပြပါအချက်လက်များကို ပူးတွဲ၍ Email ပေးပိုရပါမည်။ CV, တက်ရောက်လိုခြင်းရည်ရွယ်ချက်စာတစောင်နှင့် ဖန်တီးဖူးသည့်လက်ရာ Portfolio တိုကို .pdf ဖိုင်တစ်ခုထဲပေါင်း၍ ပေးပိုပါ။
ဤအလုပ်ရုံဆွေးနွေးပွဲကိုယူကေနိုင်ငံ ချယ်လ်ဆီးအနုပညာကောလိပ်နှင့် ရွိင်ရယ်အနုပညာအကယ်ဒမီမှ အနုပညာသင်ကြားသူနှင့်အနုပညာသမိုင်းပညာရှင် Grace Adam က ဦးဆောင်သင်ကြားမည်ဖြစ်ပြီး ၂၀၂၁ ခုနွစ် ဒီဇင်ဘာလဆန်းတွင် စတင်ကျင်းပမည်ဖြစ်သည်။
Interdisciplinary အနုပညာဖန်တီးမှုများကို စိတ်ဝင်စားပြီး သင်ယူလိုစိတ်၊ စမ်းသပ်ဖန်တီးလိုစိတ်ၡိသူများကိုဦးစားပေးပါမည်၊ ဤပရောဂျက်ကို British Council ၏ CTC Grant ပရိုဂရမ်(Connections Through Culture UK-SEA Grant) က ပံ့ပိုးထားပါသည်။
ရွေးချယ်ခံရသည့် အနုပညာရှင်များကို ပေ့ချ်မှာဖေါ်ပြပေးသွားမည်ဖြစ်ပါသည်။
လေးစားခင်မင်စွာဖြင့်
Source : SOCA
SOCA’s Original Post –
Published Date : 9th November 2021