Polymer Clay Art Jewellery အကြောင်း

ရှေးယခင်ကမြေစေး၏ အသုံးဝင်သောဂုဏ်သတ္တိကို ရှာဖွေတွေ့ရှိပြီး မြေစေးများကို မြေအိုးပြုလုပ်ရာတွင် အသုံးပြုလာကြပါတယ်။ အစောဆုံးသောမြေအိုးအချို့ကို ဘီစီ၁၄,၀၀၀ခန့်တွင်တွေ့ရှိခဲ့ကြပါတယ်။ ရွှံ့စေးသည် ရှေးအကျဆုံးနှင့် လူသိများသော ကြွေထည်တစ်မျိုးဖြစ်တာကြောင့် ရွှံ့စေးပြားများက ပထမဆုံးသောစာရေးကိရိယာ ဖြစ်နိုင်ပါတယ်။ ရွှံ့ကိုပုံစံအမျိုးမျိုးနှင့်ဖန်တီးပြုလုပ်လာကြရာ ယခုတွင် Polymer Clay ဆိုသောရွှံ့စေးတုဖြင့် လက်မှုပစ္စည်းများပြုလုပ်လာကြသည်အထိ တိုးတက်လာပါပြီ။ Polymer Clay Art တွင်လည်း အမျိုးအစားများစွာရှိလာခဲ့ရာ ဒီနေ့မှာတော့ Polymer Clay Art Jewellery ဆိုတဲ့ Handmade ပစ္စည်းလေးတစ်မျိုးနဲ့ မိတ်ဆက်ပေးပါမယ်။💁‍♀️✨ ယခုနောက်ပိုင်းတွင် Handmade ပစ္စည်းလေးများကို လူကြိုက်များလာကြသည်နှင့်အမျှ လက်ဝတ်ရတနာများတွင်ပါ လက်မှုပစ္စည်းလေးများကိုဝတ်ဆင်အသုံးပြုလာကြပါတယ်။

Polymer Clay Art Jewellery ကိုလူကြိုက်များလာရသည့်အကြောင်းရင်းများမှာ
🔶မိမိကိုယ်တိုင် အိမ်တွင်အလွယ်တကူပြုလုပ်၍ရနိုင်ခြင်း
🔶စျေးကွက်ထဲတွင်လည်းအလွယ်တကူဝယ်ယူလို့ရနိုင်ခြင်း
🔶လိုချင်သောဒီဇိုင်းကိုစိတ်တိုင်းကျမှာယူနိုင်ခြင်း
🔶နားကပ်၊ ဆွဲသီး လိုသလိုပြုလုပ်နိုင်ခြင်း
🔶Handmade ဖြစ်တာကြောင့် Fast Fashion ရဲ့ဆိုးကျိုးများကို ကာကွယ်ပြီးသားလည်းရောက်တဲ့ အချက်တွေကြောင့်ပဲဖြစ်ပါတယ်။

Polymer Clayနဲ့လက်ဝတ်ရတနာတွေပြုလုပ်မယ်ဆိုရင် အဓိကလိုအပ်တဲ့ Study Materials တွေကတော့
Polymer Clay (နှစ်သက်ရာအရောင် ) ၊ Rolling pin ၊ ဇာဂနာ ၊ ဓ ါး ၊ Cutting surface ၊ ပုံစံခွက်၊ Pasta machine ၊ Baking Sheet နဲ့ Oven တို့ပဲဖြစ်ပါတယ်။ပုံဖော်ပြုလုပ်ပြီးသား Polymer Clay တွေကို Ovenထဲထည့်ပြီးအခြောက်ခံတဲ့အချိန် သတိထားစရာရှိပါသေးတယ်။ ပုံမှန်အားဖြင့်အပူချိန် 230°F မှ 275°F အထိထားနိုင်ပြီး တစ်လက်မရဲ့ လေးပုံတစ်ပုံအထူရှိတဲ့ Polymer Clayတွေကိုတော့ 15မိနစ်လောက်နဲ့ အပူပေးနိုင်ပါတယ်။ ပြန်ထုတ်တဲ့အချိန် ပူတတ်တာကြောင့် အပူခံလက်အိတ်လေးစွပ်ပြီးမှ ထုတ်ကြပါနော်။

Polymer Clay Art နဲ့ပတ်သတ်ပြီး စိတ်ဝင်စားလို့ ကိုယ်တိုင်‌အခြေခံကစပြီး လေ့လာသင်ယူမယ်ဆိုရင်တော့ 𝖢𝗅𝖺𝗒 𝖲𝗁𝗈𝗋𝗍 𝖢𝗈𝗎𝗋𝗌𝖾 အတန်းလေးက လက်မှုချစ်သူ‌တို့အတွက် အသင့်ရှိနေပါပြီ။ကိုယ်အဆင်ပြေတဲ့အချိန်မှာလေ့လာနိုင်အောင်စီစဉ်ပေးထားတာမိုC့ourse အသေးစိတ်ကိုအောက်ပါလင့်မှ ဝင်ရောက်ဖတ်ရှူပြီး စာရင်းပေးသွင်းတက်‌ရောက်နိုင်ပါတယ်။🤗https://www.facebook.com/105692201401398/posts/379058484064767/

Published Date – March 10 , 2022

Article Writer – Ma Rachel

Article Desgin – Ko Zo Zo

Leave a Comment

Your email address will not be published.