UK and US Crochet Terms (Difference)

လက်မှုချစ်သူတို့ နေ့စဥ်ခေါ်ဝေါ်နေကြတဲ့ Crochetအခေါ်အဝေါ်တွေပေါ်မှာ ကွဲပြားမှုတွေရှိနေတယ်ဆိုတာ သိကြပါသလား?🤔Crochet Pattern Booksတွေမှာဖြစ်ဖြစ်၊ Youtube Videos တွေမှာပဲဖြစ်ဖြစ်ပါဝင်တဲ့ crochet terms အခေါ်အဝေါ်တွေမှာ UK နဲ့ US မတူညီတာကိုလက်မှုချစ်သူတို့ တွေ့မြင်ဖူးကြပါလိမ့်မယ်။ ဘယ်လိုကွာခြားနေတာလဲဆိုတာကိုတော့ အဓိကအားဖြင့် Stitchesတွေမှာတွေ့ရမှာ ဖြစ်ပါတယ်။ American Crochet Termsမှာခေါ်ဝေါ်တဲ့ Single Crochet(Sc)နဲ့ British Crochetမှာခေါ်ဝေါ်တဲဲ Double Crochet(Dc)တို့က တူညီပါတယ်။ ဒီ့အတွက်ကြောင့်မို Patternမှာပါဝင်တဲ့ British နဲ့ American Crochetမှာ အသုံးပြုနေကြတဲ့ termsမတူညီမှုကို သတိမပြုမိတာနဲ့ ကိုယ်ထိုးနေတဲ့ crochet stitchesတွေကမှားယွင်းနိုင်ပါတယ်။မြန်မာနိုင်ငံမှာအများစုက ဘယ်termsကိုအသုံးပြုပြီး ထိုးနေကြတာလဲ။ Crochetသင်တန်းတွေမှာ ဘယ်termsနဲ့ သင်ပေးနေကြတာလဲဆိုရင်တော့ American Crochet Termsကို ပုံမှန်အဖြစ်အသုံးပြု သင်ကြားပေးနေတာတွေ့ရပါတယ်။ လက်မှုClubမှာလည်း Crochet Instructorsတွေက American Crochet Termsနဲ့ Crochetကိုအခြေခံကစလို့ စနစ်တကျ သင်ပေးနေပါတယ်။American နဲ့ British Crochet Termsကို အလွယ်တကူ ခွဲခြားလို့ရအောင် အောက်မှာပေးထားတဲ့Chartလေးကနေတစ်ဆင့် လေ့လာကြည့်လို့ရပါတယ်။ Single Crochet (Sc)အခေါ်အဝေါ်က American Crochetမှာပဲသုံးကြပြီး British Crochetမှာတော့ Single Crochet(Sc)ဆိုတာမျိုးကို သုံးလေ့မရှိကြပါဘူး။ ဒီအချက်ကိုအသုံးပြုပြီး Crochet Pattern Booksတွေမှာ American နဲ့ British Crochet Termsကိုခွဲခြားလို့ရပါတယ်။ သာယာပျော်ရွှင်ဖွယ် နေ့လေးပိုင်ဆိုင်ရရှိပါစေရှင်။

#လက်မှုClub#latmhuclub#crochet#learningmonday#knowledge#art#craft

Crochet Term Conversion Chart
Crochet Term Symbol Chart

35357 SharesLikeCommentShare

Leave a Comment

Your email address will not be published. Required fields are marked *