ဒီတစ်ပတ် လက်မှု Club ရဲ့ အင်တာဗျူး အစီအစဥ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။🤗
လက်မှု Club မှ ယွန်းအတတ်ပညာနဲ့ Jewelry ပစ္စည်းလေးတွေကို ဆန်းသစ်သောပုံစံများဖြင့် 𝐋𝐚𝐤𝐬𝐡𝐚𝐫𝐚𝐬 ဆိုတဲ့ Lacquer Brand ကို ပြုလုပ်နေတဲ့လက်မှုပညာရှင် မသိမ့်သိမ့်အောင်ကို သူမဖန်တီးထားတဲ့လက်မှုပညာနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းခဲ့ပါတယ်။✨
လှပသေသပ်တဲ့ ဒီဇိုင်းလက်ရာတွေနဲ့ မြန်မာ့လက်မှု ယွန်းပညာပေါင်းစပ်ပြီး ဖန်တီးထားတဲ့အကြောင်းကို မေးမြန်းထားတဲ့ စိတ်ဝင်စားဖွယ်အင်တာဗျူးလေး ဖြစ်တာမို့ ပုံအောက်ကစာလေးတွေကို တစ်ပုံချင်း ဖတ်ရှုလိုက်ရအောင်။
အောက်က Link လေးကတော့ မသိမ့်သိမ့်အောင်ရဲ့
𝐋𝐚𝐤𝐬𝐡𝐚𝐫𝐚𝐬 – 𝐀𝐫𝐭𝐬 & 𝐋𝐚𝐜𝐪𝐮𝐞𝐫 𝐅𝐫𝐨𝐦 𝐁𝐚𝐠𝐚𝐧 ( Facebook Pg )လေးဘဲ ဖြစ်ပါတယ်။ ✨

လက်မှု Club: ပထမဆုံးအနေနဲ့ အစ်မအကြောင်း မိတ်ဆက်လေးပြောပေးပါဦး။
Laksharas: ကျွန်မနာမည်ကတော့ မသိမ့်သိမ့်အောင်ပါ။ ကျွန်မက အနုပညာအခြေခံပြီး ဖန်တီးရတဲ့အရာတွေကို သဘောကျတယ်။ အခုတော့ ဒီယွန်းပညာနဲ့ ပြုလုပ်ထဲ့ Jewelry Brand လေးကို လုပ်ကိုင်နေပါတယ်။လက်မှု Club: ဒီ “Laksharas” ဆိုတဲ့ Lacquer Brand ကို လုပ်ဖြစ်ခဲ့တဲ့အကြောင်းလေး ပြောပေးပါဦး။Laksharas: အင်္ဂလန်မှာ ကျောင်းတက်တဲ့ အချိန်ကဆို Market တွေကို လျှောက်သွားတယ်။ အဲ့ဒီမှာ လက်မှုနဲ့လုပ်တဲ့ (ဥပမာ – နားဆွဲ၊ ဆွဲကြိုး၊ လက်ကောက်) စတာတွေကို ရောင်းကြတယ်ပေါ့နော်။ ဝယ်ယူသူတွေကလဲ လက်မှုပစ္စည်းတွေကို အမြတ်တနိုးနဲ့ အားပေးကြတယ်။ ကျွန်မတို့မြန်မာပြည်မှာက ယွန်းထည်ပစ္စည်းကို အိမ်တွင်းအသုံးအဆောင်ပစ္စည်းအဖြစ်ပဲ ဝယ်ယူသုံးစွဲသူတွေက မြင်ကြတာလေ။ အဲ့လိုနဲ့ ကျွန်မနဲ့ အရင်းတနှီးအကျွမ်းတဝင်ဖြစ်တဲ့ ယွန်းနဲ့ပြုလုပ်ဖန်တီးချင်တဲ့ Idea လေးရလာတယ်။ လုပ်ဖြစ်အောင်လုပ်မယ်လို့လဲ စိတ်ကူးခဲ့တယ်။

လက်မှု Club: အစ်မ ဒီလက်ရာတွေကို ဖန်တီးဖို့အတွက် အတုယူစံထားရတဲ့ အနုပညာရှင် (သို့မဟုတ်) အနုပညာလက်ရာမျိုးရော ရှိခဲ့ပါသလား။Laksharas: ကျွန်မစံထားရတဲ့ လက်ရာတွေကတော့ ရှေးခေတ်နံရံပန်းချီတွေပဲ။ နံရံပန်းချီတွေ လေ့လာရင်းကနေ ကျွန်မအနေနဲ့က ဒီလိုလက်ရာမြောက်တဲ့ အနုပညာတွေကို စံထားပြီး ဆန်းသစ်တဲ့ Idea တွေနဲ့ နေ့စဥ်သုံးစွဲနေတဲ့ အလှအပအသုံးအဆောင်တွေမှာ ပြန်ပြီးဖန်တီးချင်ခဲ့တယ်။ အသေအချာကို Skilled Artist ဆရာကြီးတွေထံမှာလဲ ယွန်းပညာကို အစအဆုံးသင်ယူလေ့လာခဲ့ပါတယ်။

Laksharas: ကျွန်မကတော့ ပန်းချီဝါသနာရှင်ဆိုတော့ ယွန်းပေါ်မှာ ဒီဇိုင်းလေးတွေကို ကညစ်နဲ့မဟုတ်ပဲ ပန်းချီစုတ်တံနဲ့ရေးဖို့ စိတ်ကူးရတယ်ပေါ့နော်။ Natural Pigments တွေကိုသာ အသုံးပြုပါတယ်။ လုပ်ရင်းလုပ်ရင်းနဲ့ အလုပ်က သင်သွားတယ်ပေါ့။ ကျွန်မစိတ်ကူးကနေရလာတဲ့ Contemporary Design တွေကိုလဲ ချရေးဖြစ်ပါတယ်။ စိတ်ကူးရလာပြီဆိုရင် စာရွက်ပေါ်မှာ Design အရင်စရေးဖြစ်တယ်၊ ပြီးရင် စပြီး အကောင်အထည်ဖော်ပါတယ်။
လက်မှု Club: အစ်မရဲ့ လက်ရာတွေကို ပြည်တွင်းအပြင် ပြည်ပမှာရော ရနိုင်ပါသလား။
Laksharas: လန်ဒန်မှာလဲ ကျွန်မရဲ့ ပစ္စည်းတွေကို Customize မှာယူပြီး ဟိုမှာပြန်ရောင်းနေပါတယ်။
လက်မှု Club: ကွာလတီပိုင်းမှာရော ကွာခြားမှုရှိပါသလား။
Laksharas: ကျွန်မက Business ကို အရမ်းဦးစားမပေးပဲ ကျွန်မရဲ့ အနုပညာဖန်တီးနိုင်စွမ်းကိုပဲ ပြသချင်တဲ့ ရည်ရွယ်ချက်က ပိုပြီး အားသန်ခဲ့တာပါ။ မြန်မာပြည်မှာရောင်းတာနဲ့ ပြည်ပမှာရောင်းတာကို ကွာလတီခွဲခြားထားတာမျိုးတော့မရှိပါဘူး။

Laksharas: ၂၁ရက် ဒီဇင်ဘာ ၂၀၂၁ မှာ ကျောက်စာအက္ခရာ shape ကို လက်ဝတ်တန်ဆာအနေနဲ့ ဖန်တီးထားတဲ့ ပထမဦးဆုံး ကျွန်မကိုယ်တိုင်ပြုလုပ်ထားတဲ့ ဒီဇိုင်းအနေနဲ့ Akshara Series ဆိုပြီး အမည်ပေးပြီး Launch လုပ်ထားပါတယ်။ ဒါကတော့ ကျွန်မအတွက် အမှတ်တရတစ်ခုပါပဲ။

Laksharas: ကျွန်မက မြင်းကပါ ရွာသူတစ်ဦးလည်း ဖြစ်တယ်။ ယွန်းထည်နဲ့ ပတ်သက်ပြီး လူငယ်တစ်ယောက်အနေနဲ့ အမြင်ကတော့ လူငယ်တွေကို ပိုပြီး ပါဝင်စေချင်ပါတယ်။ မြင်းကပါနဲ့ ယွန်းလုပ်ငန်းဆိုတာ ခွဲခြားလို့မရဘူးပေါ့နော်။ ရှေးယခင်ကတည်းက ယွန်းထည်လုပ်ငန်းဟာ လက်ဆင့်ကမ်းရင်း ယနေ့ခေတ်ထိတိုင်လဲ ခေတ်ရေစီးကြောင်းကိုလိုက်ပြီး အသုံးအဆောင်လက်မှုပစ္စည်းတွေကို လုပ်ကိုင်လာကြပါတယ်။ ကျွန်မတို့ငယ်ငယ်က နွေရာသီကျောင်းပိတ်ရက်တွေဆိုရင် ကိုယ်ဝါသနာပါရာ ဝါးအဖြူခွေတာ၊ သစ်စေးကိုင်တာ၊ ယွန်းဆင်ယွန်းခွဲတာတွေ သင်ယူရပါတယ်။ ဒါပေမဲ့ ယွန်းလုပ်ငန်းကို လူငယ်တွေ စိတ်ဝင်စားမှု လျော့နည်းလာကြတယ်၊ သင်ယူမှုတွေ လျော့နည်းလာကြတယ်။ ယွန်းလုပ်ငန်းကလဲ အဆင့်ဆင့် လအတော်တန်ကြာ ပြုလုပ်ရတဲ့ လုပ်ငန်းဆိုတော့ လုပ်ရတဲ့ အဆင့်တိုင်းမှာ ကိုယ်ကျွမ်းကျင်နှစ်သက်ရတဲ့အပိုင်းကို ပါဝင်လုပ်ကိုင်ရပါတယ်။Covid အချိန်ကာလမှာ နိုင်ငံခြားခရီးသွားဧည့်သည်တွေ ပိတ်ဆို့ခံထားရမှုကြောင့် အတော်လေး အကျပ်အတည်းထဲ ရောက်ခဲ့ကြတယ်။ လူငယ်တွေရဲ့ စိတ်ဝင်စားမှုတင်မကဘူး၊ လက်ရှိလုပ်ကိုင်နေဆဲ လက်မှုပညာရှင်တွေနဲ့ လုပ်ငန်းရှင်တွေပါ ယွန်းလုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ရတာမျိုးတွေ ရှိလာတယ်။ အစ်မအနေနဲ့ကတော့ လူငယ်အများအပြား ယွန်းလုပ်ငန်းမှာ ပါဝင်လာစေချင်ပါတယ်။ ခေတ်အဆက်ဆက် အသက်မွေးဝမ်းကြောင်းတစ်ခုအနေနဲ့ ထိန်းသိမ်းလာတဲ့ ယွန်းထည်လုပ်ငန်းကို လူငယ်တွေပါဝင်လာမှုကို တိုးတက်စေချင်ပါတယ်။ အသက်မွေးဝမ်းကြောင်းတစ်ခုအနေနဲ့ရော ဆန်းသစ်တဲ့ အိုင်ဒီယာတွေနဲ့ ဆက်လက်တည်တံ့နေစေချင်ပါတယ်။

Laksharas: Traditional Craft တွေထဲကနေ လူငယ်တိုင်းက စိတ်ကူးထဲက အတွေးတွေထဲက ဆန်းသစ်မှူတွေ အများကြီး ပြုလုပ်လို့ရပါတယ်။ မနက်ဖြန်တိုင်းဟာ မတူပဲ ဆန်းသစ်နေသလို လူငယ်တိုင်းရဲ့ အတွေးတွေဟာလဲ အမြဲတမ်းဆန်းသစ်နေပါတယ်။ အဓိကကတော့ ကိုယ့်ရဲ့အတွေးတွေထဲကနေ ဘယ်အရာတွေနဲ့ ဘယ်လောက်ဖန်တီးနိုင်မလဲဆိုတဲ့ စိတ်တစ်ခုကိုသာ အကောင်အထည်ဖော်နိုင်ဖို့ပဲ လိုတာပါ။ ကိုယ့်အတွေးထဲမှာ ပြုလုပ်ဖန်တီးချင်တဲ့စိတ် ဖြစ်လာပြီဆိုရင် ချက်ချင်းသာလုပ်ကြည့်လိုက်ပါလို့ အကြံပေးချင်ပါတယ်။
စိတ်ရှည်ရှည်နဲ့ Interview ဖြေပေးတဲ့ အမကိုလည်း လက်မှု Club Team မှ ကျေးဇူးတင်ရှိပါတယ်။🙇🏻♀️
Published Date – March 2 , 2022 Article Writer – Ko Richard. Article Desgin – Ma Scarlette