Articles

Webinar announcement post

“၁၉ ရာစု ပါတိတ်သမိုင်းကြောင်းထဲက နိုင်ငံရပ်ခြားမှ လွှမ်းမိုးမှုများ၊ တုပမှုများနဲ့ တိုးတက်ပြောင်းလဲမှုများ” Webinar လက်မှု Club မှ ထပ်မံပြီး မြန်မာ့ယဉ်ကျေးမှု အနုပညာလက်ရာတွေအကြောင်းကို လူအများသတိထားမိပြီး ထိန်းသိမ်းနိုင်ဖို့အတွက် Webinar တွေကျင်းပနေတာဖြစ်ပါတယ်။ အခုတစ်ခေါက်မှာတော့ မြန်မာနိုင်ငံမှာလည်းလက်ရှိအချိန်အထိ ဝတ်ဆင်လျက်ရှိကြတဲ့ ပါတိတ်များအကြောင်းကို Free Webinar လေးကျင်းပပေးသွားမှာဖြစ်ပါတယ်။ ပြောပြသွားမယ့် အကြောင်းအရာကတော့ “၁၉ ရာစု ပါတိတ်သမိုင်းကြောင်းထဲက နိုင်ငံရပ်ခြားမှ လွှမ်းမိုးမှုများ၊ တုပမှုများနဲ့ တိုးတက်ပြောင်းလဲမှုများ” အကြောင်းပဲဖြစ်ပါတယ်။ ကျင်းပမယ့်ရက် – ၂၄ ရက် ဇွန်လ ၂၀၂၃ ခုနှစ် (စနေနေ့) ကျင်းပမယ့် အချိန် – ည ၇ နာရီမှ ၉ နာရီ အထိ ကျင်းပမယ့် နေရာ – …

Webinar announcement post Read More »

Interview Session with Ma Theint Theint Aung ( Lacquer)

ဒီတစ်ပတ် လက်မှု Club ရဲ့ အင်တာဗျူး အစီအစဥ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။🤗 လက်မှု Club မှ ယွန်းအတတ်ပညာနဲ့ Jewelry ပစ္စည်းလေးတွေကို ဆန်းသစ်သောပုံစံများဖြင့် 𝐋𝐚𝐤𝐬𝐡𝐚𝐫𝐚𝐬 ဆိုတဲ့ Lacquer Brand ကို ပြုလုပ်နေတဲ့လက်မှုပညာရှင် မသိမ့်သိမ့်အောင်ကို သူမဖန်တီးထားတဲ့လက်မှုပညာနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းခဲ့ပါတယ်။✨ လှပသေသပ်တဲ့ ဒီဇိုင်းလက်ရာတွေနဲ့ မြန်မာ့လက်မှု ယွန်းပညာပေါင်းစပ်ပြီး ဖန်တီးထားတဲ့အကြောင်းကို မေးမြန်းထားတဲ့ စိတ်ဝင်စားဖွယ်အင်တာဗျူးလေး ဖြစ်တာမို့ ပုံအောက်ကစာလေးတွေကို တစ်ပုံချင်း ဖတ်ရှုလိုက်ရ‌အောင်။ အောက်က Link လေးကတော့ မသိမ့်သိမ့်​အောင်ရဲ့𝐋𝐚𝐤𝐬𝐡𝐚𝐫𝐚𝐬 – 𝐀𝐫𝐭𝐬 & 𝐋𝐚𝐜𝐪𝐮𝐞𝐫 𝐅𝐫𝐨𝐦 𝐁𝐚𝐠𝐚𝐧 ( Facebook Pg )လေးဘဲ ဖြစ်ပါတယ်။ ✨ လက်မှု Club: ပထမဆုံးအနေနဲ့ အစ်မအကြောင်း မိတ်ဆက်လေးပြောပေးပါဦး။ …

Interview Session with Ma Theint Theint Aung ( Lacquer) Read More »

” ရှမ်းရိုးရာ မိုင်းကိုင်စက္ကူ ”

မိုင်းကိုင်စက္ကူ လို့ခေါ်တဲ့ ရှမ်းစက္ကူ (Saa Paper) ဟာ စက္ကူကြမ်း အမျိုးအစား ဖြစ်ပြီးတော့ ရှမ်းပြည်နယ်အနှံ့အပြားမှာ အိမ်တွင်းလက်မှုလုပ်ငန်းအဖြစ် အမျိုးသမီးတွေ ဘိုးဘွားအစဉ်အဆက် ဆက်ခံ လုပ်ကိုင်ကြတဲ့ ရှမ်းရိုးရာလက်မှု လုပ်ငန်း လည်းဖြစ်ပါတယ်။ အထူးသဖြင့် မိုင်းကိုင်နယ် ကွန်နားရွာ၊ ကွန်ကျိုင်းရွာ၊ တောင်ပိုင်းဝနယ်ရဲ့ မြို့တော်ဖြစ်တဲ့ မိုင်းကာအိုမြို့ ၊ သီပေါမြို့နယ် နဲ့ ပင်းဒယနယ်များမှာ ပိုမိုလုပ်ကိုင်ကြတယ်လို့သိရပါတယ်။ ရှမ်းစက္ကူတွေကို ရှမ်းပြည်တဝိုက်မှာတော့ စာရေးဖို့၊ မီးပုံပျံပြုလုပ်ဖို့ နဲ့ ခမောက်လွယ်အိတ် စတဲ့စ္စည်းတွေထုတ်ပိုးဖို့အတွက် အသုံးပြုကြပြီးတော့ ပင်းဒယက စက္ကူလုပ်ငန်းတွေမှာတော့ ဒေသထွက်ပန်းခြောက်နဲ့သစ်ရွက် ခြောက်လေးများကို ထည့်သွင်းပြုလုပ်ကြပါတယ်။ အထူးသဖြင့် အလှဆင် မီးပုံးတွေ ၊ မီးအိမ်တွေပြုလုပ်ဖို့နဲ့ ရိုးရာထီးလုပ်ငန်းမှာ ထီးရွက် အဖြစ်အသုံးပြု အလှဆင်ကြလေ့ရှိပါတယ်။ တချို့ရှမ်းရွာတွေမှာ အိပ်ရာခင်းအဖြစ် သုံးလို့ရအောင် …

” ရှမ်းရိုးရာ မိုင်းကိုင်စက္ကူ ” Read More »

UK and US Crochet Terms (Difference)

လက်မှုချစ်သူတို့ နေ့စဥ်ခေါ်ဝေါ်နေကြတဲ့ Crochetအခေါ်အဝေါ်တွေပေါ်မှာ ကွဲပြားမှုတွေရှိနေတယ်ဆိုတာ သိကြပါသလား?Crochet Pattern Booksတွေမှာဖြစ်ဖြစ်၊ Youtube Videos တွေမှာပဲဖြစ်ဖြစ်ပါဝင်တဲ့ crochet terms အခေါ်အဝေါ်တွေမှာ UK နဲ့ US မတူညီတာကိုလက်မှုချစ်သူတို့ တွေ့မြင်ဖူးကြပါလိမ့်မယ်။ ဘယ်လိုကွာခြားနေတာလဲဆိုတာကိုတော့ အဓိကအားဖြင့် Stitchesတွေမှာတွေ့ရမှာ ဖြစ်ပါတယ်။ American Crochet Termsမှာခေါ်ဝေါ်တဲ့ Single Crochet(Sc)နဲ့ British Crochetမှာခေါ်ဝေါ်တဲဲ Double Crochet(Dc)တို့က တူညီပါတယ်။ ဒီ့အတွက်ကြောင့်မို Patternမှာပါဝင်တဲ့ British နဲ့ American Crochetမှာ အသုံးပြုနေကြတဲ့ termsမတူညီမှုကို သတိမပြုမိတာနဲ့ ကိုယ်ထိုးနေတဲ့ crochet stitchesတွေကမှားယွင်းနိုင်ပါတယ်။မြန်မာနိုင်ငံမှာအများစုက ဘယ်termsကိုအသုံးပြုပြီး ထိုးနေကြတာလဲ။ Crochetသင်တန်းတွေမှာ ဘယ်termsနဲ့ သင်ပေးနေကြတာလဲဆိုရင်တော့ American Crochet Termsကို ပုံမှန်အဖြစ်အသုံးပြု သင်ကြားပေးနေတာတွေ့ရပါတယ်။ လက်မှုClubမှာလည်း …

UK and US Crochet Terms (Difference) Read More »

Interview Session With Ko Nyi Nyi (Origami Artist)

လက်မှု Club ရဲ့ အင်တာဗျူးအစီအစဥ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ခေါက်မှာတော့ လက်မှု Club က Origami နဲ့ Pixel Art လက်မှုပညာနှစ်မျိုးကို ပေါင်းစပ်ပြီး လက်ရာမြောက်တဲ့ ပုံတူရုပ်ပုံများစွာကို ဖန်တီးနေတဲ့ လက်မှူပညာရှင် ကိုညီညီသောင်းကို သူဖန်တီးတဲ့ လက်မှုပညာနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ Origami လက်မှုပညာနဲ့ ပြုလုပ်ထားတဲ့ ဘောပင်ခွက်လေးတစ်ခွက်ကို မြင်ပြီး နှစ်သက်သဘောကျရာကနေ ဒီလက်မှုပညာကို အခုလိုကျွမ်းကျင်ပြီး လှပတဲ့လက်ရာများစွာ ဖန်တီးနိုင်တဲ့အထိ အလုပ်တစ်ဖက်နဲ့ Self-study လုပ်ခဲ့တဲ့ ကိုညီညီရဲ့ အကြောင်းကတော့ လက်မှုချစ်သူတိုအတွက် Inspiration တစ်ခု ဖြစ်စေမှာအမှန်ပါပဲ။ ဒါကြောင့်မိုလို အင်တာဗျူးလေးကို ဆုံးအောင်ဖတ်ရှုကြဖို တိုက်တွန်းလိုက်ပါရစေရှင်။ လက်မှု Club : ပထမဆုံး အကိုအကြောင်း မိတ်ဆက်လေး ပြောပေးပါဦးရှင်။ကိုညီညီ : ကျွန်တော့်နာမည်က …

Interview Session With Ko Nyi Nyi (Origami Artist) Read More »

Myanmar Traditional Weaving “မြန်မာ့ရက်ကန်း”

လက်မှုချစ်သူများအားလုံးမင်္ဂလာပါရှင်။ လက်မှု club ရဲ့ဒီတစ်ခေါက် knowledge sharing session လေးမှာတော့ “မြန်မာ့ရက်ကန်း” ပညာရပ်အကြောင်းကိုဝေမျှပေးသွားမှာဖြစ်ပါတယ်။ရက်ကန်းပညာရပ်ဟာ ရှေးမြန်မာဘုရင်တွေလက်ထက်ကတည်းက မြန်မာတွေရဲ့ရိုးရာပညာရပ်တစ်ခုဖြစ်ခဲ့တာဖြစ်ပါတယ်။အလွန်ပါးလှပ်ချောမွတ် လှတဲ့အထည်တွေကိုလည်းမြန်မာဘုရင်တွေလက်ထက်တည်းကထုတ်လုပ်နိုင်ခဲ့တယ်ဆိုတဲ့ သက်သေသာဓက တွေလည်းရှိနေပါတယ်ရှင်။ ရက်ကန်းပညာရဲ့သမိုင်းကြောင်းကိုပြောရမယ်ဆိုရင်တော့ ဝါဂွမ်းစိုက်ပျိုးတဲ့ လုပ်ငန်းနဲ့အတူ အထည်ချော ရက်လုပ်တဲ့ အတတ်ကို ဗုဒ္ဓသာသနာတော်နှင့်အတူ အိန္ဒိယနိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံသို ရောက်ရှိလာပါတယ်လို ယူဆရပါတယ်။ ဒီလိုယဉ်ကျေးမှူတွေပေါ်ပေါက်လာတဲ့အချိန်ကစပြီး မြန်မာအိမ်တွေမှာ ဝါ(ဂွမ်း)ပင် နဲ့အတူ မဲပင်၊ နီပါးဆေးပင်၊ သီတင်းပင်တွေကိုစိုက်ပျိုးကြပြီး မြန်မာအိမ်ရှင်မတွေဟာ ဝါကြိတ်၊ ဝါဖန်၊ ဗိုင်းလိပ်၊ ဗိုင်းငင်၊ ဆေးရောင်စုံဆိုးအတတ်၊ ရက်ကန်းအတတ်တိုကို ကျွမ်းကျင်တတ်မြောက်၊လုပ်ကိုင်ကြပါတယ်။ အဲ့ခေတ်တွေကဆိုရင် “မိန်းမများသည် ရက်ကန်း မတတ်လျှင် အကျိုးနှင့်တူသည်၊ ယောကျာ်းများသည် စာ မတတ်လျှင် အကန်းနှင့်တူသည်” ဆိုတဲ့ရှေးစကားပုံတောင်ရှိခဲ့ပါသေးတယ်။ ဘာသာရေးရှုထောင့်ကကြည့်မယ်ဆိုရင်လည်း အထည်ရက်လုပ်ရတဲ့လုပ်ငန်းဟာ အာရုံစူးစိုက်ပြီးမျက်ခြည်မပြတ်လုပ်ရတဲ့ လက်မှုလုပ်ငန်းဖြစ်တာကြောင့် …

Myanmar Traditional Weaving “မြန်မာ့ရက်ကန်း” Read More »

Myanmar Lotus Fabric Business “မြန်မာ့ ကြာချည်လုပ်ငန်း”

Myanmar Version ကြာ သည် စာပေ ပန်းချီ၊ ပန်းပု စတဲ့ အနုပညာလက်ရာများ ဖန်တီးထုတ်လုပ်ရာမှာ အဓိပ္ပာယ် အသစ်အသစ် တွေကို ညွှန်းဆိုနေတဲ့ သင်္ကေတ တစ်ခုအဖြစ်နဲ့ မြန်မာတိုရဲ့ နှလုံးသားမှာ အစဉ်ကိန်းအောင်းလျက်ရှိနေတဲ့ မွန်မြတ်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ရှေးမြန်မာ ဘုရင်များလက်ထက်မှာတော့ ကြာဟာ အောင်မြင်ခြင်း၊ အေးမြခြင်း၊ လန်းဆန်းခြင်း၊ မြင့်မြတ်ခြင်း၊ မင်္ဂလာရှိခြင်း စတဲ့ ကောင်းခြင်းအဓိပ္ပာယ်တွေဆောင်တာကြောင့် ကြာပွင့်၊ ကြာဖူး၊ ကြာနွယ်၊ ကြာဖတ် တွေကို နံရံပန်းချီတွေ ရုပ်လုံးရုပ်ကြွတွေမှာ ကျယ်ပြန့်စွာ အသုံး ပြုခဲ့ကြပါတယ်။ အထူးသဖြင့် မြန်မာ့ ဗုဒ္ဓဘာသာ အနုပညာနဲ့ ဗိသုကာဆိုင်ရာ အဆောက်အဦတွေမှာ အများဆုံးတွေ့ရှိနိုင်ပါတယ်။ ယနေ့ခေတ်မှာတော့ ကြာဟာ မြန်မာတိုရဲ့ အနုပညာနဲ့ ဘာသာရေးဆိုင်ရာသင်္ကေတအဖြစ်နဲ့သာမကပဲ ကြာပင်တွေကနေ တဆင့် …

Myanmar Lotus Fabric Business “မြန်မာ့ ကြာချည်လုပ်ငန်း” Read More »